ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့က ဆွဲကြိုးလုယူမှုဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား လင်မယားနှစ်ဦးအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။အဆိုပါ လင်းမယားနှစ်ဦးသည် ဒီဇင်ဘာ ၃ ရက်နေ့က အခန်းငှားသူအဖြစ် ဟန်ဆောင်ကာ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ကိုမြင်အောင် ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး (၃) ကျပ်သားကို လုယူထွက်ပြေးသွားခြင်းဖြစ်သည်။လက်ရှိတွင် တရားခံနှစ်ဦးကို ချွန်ဘူရီခရိုင်၊ ဘန်လမုန်ရဲစခန်း၌ ထိန်းသိမ်းထားပြီး၊ ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့၏ ကိုယ်ရေးရာဇဝင်များကို ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။



