၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ ပြည်ဝင်ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် တိုးတက်လျက်ရှိပြီး တိုးတက်နှုန်းမှာ သိသာထင်ရှားလာပါသည်၊၊ ဤအရှိန်အဟုန်၏ အနက်အဓိပ္ပာယ်သည် စီးပွားရေး အကျိုးကျေးဇူးများတွင်သာမက နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် စစ်မှန်သော တရုတ်နိုင်ငံကို အပြည့်အဝ နားလည်ရန် အရေးကြီးသော ပြတင်းပေါက်တစ်ခုအဖြစ် ပို၍ဖြစ်လာစေခဲ့ကြောင်း ဗြိတိန် ကျွမ်းကျင် ခရီးသွားလုပ်ငန်း မီဒီယာ “Tourism Review” ဝက်ဘ်ဆိုက်၌ ဒီဇင်ဘာ ၈ ရက်က ထုတ်ပြန်ခဲ့သော မှတ်ချက်ဆောင်းပါးတွင် ရေးသားထားသည်။



