ပြည်တွင်းပို့ကုန် ပဲမျိုးစုံ စျေးကွက်မှာ မတ်ပဲ စျေးနှုန်း ပြန်လည် မြင့်တက်လာပြီး နှစ်ရက်အတွင်း တစ်တန်ကို နှစ်သောင်းနီးပါး ပြန်လည် မြင့်တက်လာပြီး လက်ရှိ တစ်တန်ကို ၂၇၆၃၀၀၀ ရှိနေ လို့ ကုန်သည်တွေ နဲ့ ပွဲရုံတွေဆီက သိရပါတယ်။လက်ရှိမှာ ပြည်တွင်း ပဲမျိုးစုံ စျေးကွက်အတွင်းကို မိုးမတ်ပဲ အသစ်တွေ ဝင်ရောက်မှု ရှိနေ ပေမယ့် ပြည်တွင်းကုန်သည် တွေမှ ပြန်လည် ဝယ်လိုအား ရှိနေတဲ့အပြင် ပြည်ပကိုလည်း အထိုက် အ လျောက်တင်ပို့မှုရှိနေတာကြောင့်စျေးကွက်မြင့်လာတာဖြစ်တယ်လို့ဆိုပါတယ်။"မန္တလေး ကုန်စည်ဒိုင်မှာ ဒီနေ့ဆို မတ်ပဲတွေ ရသလောက်ကို အကုန်လိုက်သိမ်းနေတာ မျိုးအ ထိရှိ တယ်။ ဝယ်လိုအားရှိလို့စျေးပြန်တက်လာတာပါ"လို့မန္တလေးမှကုန်သည်တစ်ဦးက ပြောပါတယ်။မတ်ပဲကိုတော့ ဆောင်းသီးနှံ အဖြစ်စိုက်ပျိုးမှု အနေနဲ့ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း ၊ရန်ကုန်တိုင်းတို့ မှာ အဓိက စိုက်ပျိုးပြီး အခြား ဒေသအချို့မှာလည်း စိုက်ပျိုးမှုရှိကာ ဖေဖော်ဝါရီ နဲ့ မတ်လလောက်မှ ပဲတွေ စျေးကွက် ထဲစတင်ဝင်ရောက်လေ့ရှိပါတယ်။ပြီးခဲ့တဲ့ ဆောင်းမတ်ပဲ ရိတ်သိမ်းချိန်ရာသီတုန်းက မတ်ပဲ တစ်တင်းကို၉၄,၀၀၀ကျပ်နဲ့စျေးဖွင့်ခဲ့ပါတယ်။
Dec 11 • 4:07 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 34 | 0 | 0 | 0 |


