မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသော နိုင်ငံခြားငွေများအနက်မှ အမေရိကန်ဒေါ်လာ (၅) သိန်းကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ဒီဇင်ဘာ ၉ ရက်က ရောင်းချပေးခဲ့ကြောင်း သိရသည်။ယင်းနေ့၏ FX Trading တွင် စားသုံးဆီကုမ္ပဏီများအပြင် စိုက်ပျိုးရေးသုံးပစ္စည်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဓာတ်မြေဩဇာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းနှင့် စားသုံးကုန်စည်များ တင်သွင်းသည့် Importer များလည်း နိုင်ငံခြားငွေ ဝယ်ယူခွင့်ရရှိခဲ့သည်။ ထို့အပြင် ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဟု ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
Dec 10 • 7:12 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


