ရုရှားလေယာဉ်ခုနစ်စင်းနဲ့ တရုတ်စစ်ဘက်လေယာဉ်နှစ်စင်းဟာ တောင်ကိုရီးယား လေကြောင်းကာကွယ်ရေးဇုန်ထဲကို ဝင်ရောက်ပြီးနောက် တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ရကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ ရုရှားနဲ့ တရုတ်လေယာဉ်တွေဟာ ဒီဇင်ဘာ ၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့် ကိုရီးယားလေကြောင်းကာကွယ်ရေးဇုန် (KADIZ)ထဲကို ဝင်ရောက်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့က ထုတ်ပြန်ပါတယ်။ ဒါပေမယ့်လည်း လေယာဉ်တစ်စင်းမျှ တောင်ကိုရီးယားလေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခြင်းမရှိကြောင်း ရုရှားနဲ့ တရုတ်တို့က ဆိုပါတယ်။ တောင်ကိုရီးယားကတော့ အရေးပေါ်အခြေအနေတွေအတွက် ပြင်ဆင်မှုအနေနဲ့ နည်းဗျူဟာမြောက်အစီအမံတွေချမှတ်ဖို့ တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ရတယ်လို့ ပြောပါတယ်။ 
Dec 10 • 5:04 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


