မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ်၊ ကိုတာဘာရူးမြို့တစ်ဝိုက်၌ ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သော အထူးစစ်ဆင်ရေးတစ်ရပ်အတွင်း နယ်စပ်မှ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၃၅ ဦးကို ကလန်းတောင်ကြားသို့ ပို့ဆောင်ရန် ကြိုးပမ်းနေသည့် မက်ဆဲရိုဂိုဏ်းကို ဖမ်းဆီးရမိကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးရာ၌ ဂိုဏ်းကို ဦးဆောင်သော မလေးရှားနိုင်ငံသား အမျိုးသား ၃ ဦးနှင့် သယ်ယူပို့ဆောင်သူဟု ယူဆရသော မြန်မာနိုင်ငံသား ၁ ဦးအပြင် တရားမဝင် ဝင်ရောက်လာသည့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၁၂ ဦး ပါဝင်သော မြန်မာ ၃၅ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများအား လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေများဖြင့် အရေးယူရန်အတွက် ကလန်တန် လူဝင်မှုကြီးကြပ်ရေးရုံးသို့ ခေါ်ဆောင်သွားပြီး၊ မတ်စ်ဆဲရိုဂိုဏ်းသည် မြန်မာနိုင်ငံသားများကို တစ်ဦးလျှင် ရင်းဂစ် ၄၀၀ မှ ၅၀၀ ဝန်းကျင်ရယူကာ ပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Dec 10 • 3:57 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


