back

ဆီးဂိမ်းစ် ဘောလုံးပွဲ တိုက်ရိုက်ထုတ်လွှင့်မှုတွင် လောင်းကစားကြော်ငြာ ပါဝင်ခဲ့မှုကြောင့် ထိုင်းအားကစားအာဏာပိုင်အဖွဲ့က ရဲတပ်ဖွဲ့ကို တိုင်ကြား

Dec 10 • 3:56 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဆီးဂိမ်းစ် ဘောလုံးပွဲ တိုက်ရိုက်ထုတ်လွှင့်မှုတွင် လောင်းကစားကြော်ငြာ ပါဝင်ခဲ့မှုကြောင့် ထိုင်းအားကစားအာဏာပိုင်အဖွဲ့က ရဲတပ်ဖွဲ့ကို တိုင်ကြား

(၃၃) ကြိမ်မြောက် ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ၏ ဒီဇင်ဘာ ၃ ရက်နေ့က ဘန်ကောက်မြို့၊ ရာဇမင်္ဂလာ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ဗီယက်နမ်နှင့် လာအိုအသင်...

(၃၃) ကြိမ်မြောက် ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ၏ ဒီဇင်ဘာ ၃ ရက်နေ့က ဘန်ကောက်မြို့၊ ရာဇမင်္ဂလာ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ဗီယက်နမ်နှင့် လာအိုအသင်းတို့၏ပွဲစဉ် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း လောင်းကစားဝက်ဘ်ဆိုက် နာမည်ပါသည့် ပဝါများ ကိုင်ဆောင်ထားသော ပရိသတ်တစ်စုကို ကင်မရာမှ ရိုက်ကူးမိခဲ့ရာ ပြဿနာဖြစ်ပွားခဲ့သည်။ထိုင်းနိုင်ငံတွင် လောင်းကစား ကြော်ငြာခြင်းနှင့်ပတ်သက်၍ ဥပဒေများ တင်းကျပ်စွာ ရှိနေသည့်ကြားမှ ဤသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ထိုင်းအားကစားအာဏာပိုင်အဖွဲ့ (SAT) အုပ်ချုပ်ရေးမှူး Kongsak Yodmanee က ဒီဇင်ဘာ ၈ ရက်နေ့ကတည်းက Computer Crime ဥပဒေနှင့် လောင်းကစား ဥပဒေများဖြင့် Hua Mak ရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း ပြောကြားခဲ့သည်။ SAT အနေဖြင့် ၎င်းပရိသတ်များ၏ လုပ်ရပ်သည် တရားမဝင်လုပ်ရပ်များတွင် ပါဝင်လာအောင် ဖိတ်ခေါ်ခြင်းဖြစ်သည်ဟု ယူဆပြီး ပါဝင်ပတ်သက်သူများကို စုံစမ်းဖော်ထုတ် အရေးယူပေးရန် တောင်းဆိုထားသည်။

news-view-count-icon

23