လက်ကိုင်ဖုန်း၊ တီဗီ၊ ဗီဒီယိုဂိမ်းတွေကို အချိန်ကြာမြင့်စွာ အသုံးပြုတဲ့ ကလေးတွေမှာ အရွယ်ရောက်လာတဲ့အခါ အာရုံစူးစိုက်မှုပြဿနာများ ဖြစ်နိုင်ခြေများစေနိုင်တယ်လို့ လေ့လာချက်ကြီးတစ်ခုမှာ တွေ့ရှိထားပါတယ်။ အဆိုပါစက်ပစ္စည်းများ ကြည့်ရှုချိန်ကြာရှည်ခြင်းနဲ့ ဂနာမငြိမ် အာရုံစူးစိုက်မှုအားနည်းခြင်း(ADHD) လက္ခဏာများ ပိုမိုဆိုးရွားတာနဲ့ ဆက်စပ်နေကြောင်း ဖော်ပြလာပါတယ်။ ဂျပန်သုတေသီများကလည်း စက်ပစ္စည်းကြည့်ရှုချိန်များခြင်းနဲ့ ဦးနှောက်မူမမှန်ခြင်းအကြောင်း တွေ့ရှိထားပါတယ်။ လေ့လာချက်တွေထဲမှာ အသက် ၉-၁၀ နှစ်အရွယ်တွေမှာ ကြည့်ရှုချိန်များခြင်းက နောက် ၂ နှစ်အကြာမှာ ADHD လက္ခဏာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဦးနှောက်အပြင်ဘက်အလွှာဖြစ်တဲ့ စဉ်းစားတွေးခေါ်မှုနဲ့ အာရုံစူးစိုက်မှုတို့ သက်ဆိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းငယ်က ADHD လက္ခဏာဆိုးရွားခြင်းနဲ့ ဆက်စပ်နေပါတယ်။



