ပြည်တွင်းအဓိကစားသုံးသည့်ပဲကြီး ဈေးမာနေသည်။ ပြည်ပရောင်းချသည့်(FOB)ဈေးနှင့် မန္တလေးဈေးကွက်တွင် ပဲကြီးဈေး မြင့်တက်လာသော်လည်း ရန်ကုန်ဈေးကွက်တွင် ဈေးငြိမ်နေသည်။ လက်ရှိ ပဲကြီးက အသစ်မပေါ်မီ ပြည်တွင်းလက်ကျန် လျော့နည်းသဖြင့် ဈေးမာလာခြင်းဖြစ်သည်။ ပဲကြီးကို ပြည်တွင်းစားသုံးမှုသာမက ပဲကြော်၊ ပဲလှော် လုပ်ငန်းများကလည်း၀ယ်အားရှိနေသည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပဲကြီး ပြည်ပရောင်းချသည့်ဈေးက( FOB )တစ်တန်လျှင် ဒေါ်လာ ၁,၀၇၀ - ၁,၀၈၀မှ ၁,၁၀၅ - ၁,၁၁၅ သို့ ဈေးပြောင်းလဲသည်။ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးဈေးကွက်တွင် ပဲကြီးဈေးက အမျိုးအစားအလိုက် ဈေးမြင့်တက်သည်။
Dec 10 • 3:53 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 35 | 0 | 0 | 0 |


