သြစတြေးလျနိုင်ငံမှာ အသက် ၁၆ နှစ်အောက် ကလေးများအတွက် လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့်ကို ကမ္ဘာ့ပထမဆုံး တားမြစ်ချက်အရ နိုဝင်ဘာလ(၁၀)ရက်ဗုဒ္ဓဟူးနေ့ကစလို့ ပိတ်ပင်လိုက်တယ်လို့ CNNသတင်းဌာနမှသိရပါတယ်။
ဝန်ကြီးချုပ် အန်ထနီ အယ်လ်ဘာနီ (Anthony Albanese) က သြစတြေးလျအတွက် "ဂုဏ်ယူဖွယ်နေ့" ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ဒီနေ့ဟာ သြစတြေးလျ မိသားစုတွေဟာ ဒီနည်းပညာ ကုမ္ပဏီကြီးတွေဆီကနေ အာဏာကို ပြန်ယူတဲ့နေ့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ ကလေးတွေ ကလေးဘဝအတိုင်း နေထိုင်ဖို့နဲ့ မိဘတွေအနေနဲ့ စိတ်အေးချမ်းသာမှု ပိုမိုရရှိဖို့အတွက် အခွင့်အရေးကို အခိုင်အမာ ပြောဆိုနေကြတာပါ"လို့ အယ်လ်ဘာနီက ဗုဒ္ဓဟူးနေ့မှာ အစိုးရပိုင် ရုပ်သံလွှင့်ဌာန ABC သို့ ပြောကြားခဲ့သော်လည်း "ဒါဟာ ရိုးရှင်းမှာ မဟုတ်ဘူး" ဟု ဝန်ခံခဲ့တယ်လို့ဆိုပါတယ်။
အခြားမည်သည့်နိုင်ငံမျှ ဒီလို အစီအမံများကို မပြုလုပ်ဖူးသေးဘဲ ဒီတင်းကျပ်တဲ့ ဥပဒေသစ်ဟာ အကောင်အထည်ဖော်မှုကို ကမ္ဘာတစ်ဝှမ်းရှိ ဥပဒေပြုအမတ်များက အနီးကပ်စောင့်ကြည့်နေပါတယ်။ပိတ်ပင်ထားတဲ့ ပလက်ဖောင်း ၁၀ ခု ရှိပြီးInstagram, Facebook, Threads, Snapchat, YouTube, TikTok, Kick, Reddit, Twitch နှင့် X တို့ဟာ အသက်စိစစ်သည့် နည်းပညာကို အသုံးပြုကာ အသက် ၁၆ နှစ်အောက် ကလေးများကို ဖော်ထုတ်ပြီး ၎င်းတို့ရဲ့ အကောင့်များကို ဆိုင်းငံ့ခြင်းဖြင့် လိုက်နာမည်ဟု ပြောဆိုသော်လည်း ၎င်းသည် ကလေးများကို ပိုမိုလုံခြုံစေမယ်လို့ မယုံကြည်ကြဘူးလို့ ဖော်ပြထားကြပါတယ်။



