back

မေဂျာလိဂ် MVP ဆုကို နှစ်နှစ်ဆက်တိုက် ပထမဆုံးရရှိသူအဖြစ်အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီ မှတ်တမ်းဝင်

Dec 10 • 3:12 AM

breaking-news

မြန်မာ

ပြည်ပ

cover

မေဂျာလိဂ် MVP ဆုကို နှစ်နှစ်ဆက်တိုက် ပထမဆုံးရရှိသူအဖြစ်အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီ မှတ်တမ်းဝင်

အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ မေဂျာလိဂ်တန်ဖိုးအရှိဆုံးကစားသမားဆု (Most Valuable Player)ဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲသမိုင်းမှာ ပထ...

အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ မေဂျာလိဂ်တန်ဖိုးအရှိဆုံးကစားသမားဆု (Most Valuable Player)ဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲသမိုင်းမှာ ပထမဆုံး ဖြစ်ခဲ့တယ်။ကစားသမားမက်ဆီ(၃၈ နှစ်)ဟာ ဒီဆုအတွက် မဲအရေအတွက် ၇၃.၈ ရာခိုင်နှုန်းအထိ ရရှိခဲ့တာဖြစ်တယ်။၎င်းဟာ ၂၀၂၅ regular season မှာ ၂၉ ဂိုးသွင်းပြီး ဂိုးအများဆုံး ရွှေဖိနပ်ဆုလည်း ရရှိခဲ့ပါတယ်။ဒါ့အပြင် ၂၀၂၅ ခုနှစ်အတွင်း မေဂျာလိဂ် ၂၈ ပွဲမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု နှစ်ရပ်ပေါင်း ၄၈ ဂိုး ရှိခဲ့တာကလည်း မေဂျာလိဂ်မှာ ဒုတိယအများဆုံးဖြစ်ခဲ့တယ်။ဒီနှစ်ရပ်ပေါင်းကို ပွဲတစ်ပွဲအတွင်း အနည်းဆုံး သုံးကြိမ်ပြုလုပ်တာ ကိုးပွဲရှိခဲ့တာကလည်း မေဂျာလိဂ် စံချိန်တင်ခဲ့ပါတယ်။မေဂျာလိဂ်ပြိုင်ပွဲရာသီတစ်ခုအတွင်း နှစ်ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တာ ၁၀ ပွဲရှိခဲ့တာကလည်း မေဂျာလိဂ် မှတ်တမ်းသစ် ဖြစ်ခဲ့ပါတယ်။

news-view-count-icon

15