back

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ ကားမတော်တဆမှုဖြစ်ပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီး‌ေ-သဆုံးခဲ့

Dec 10 • 3:01 AM

breaking-news

မြန်မာ

ကချင်

breaking-news
cover

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ ကားမတော်တဆမှုဖြစ်ပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီး‌ေ-သဆုံးခဲ့

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီဇင်ဘာ၉ရက်နေ့ကအမျိုးသားတစ်ဦးကားမတော်တဆမှုဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ်...

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီဇင်ဘာ၉ရက်နေ့ကအမျိုးသားတစ်ဦးကားမတော်တဆမှုဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ဒီဇင်ဘာလ၉ရက် မနက်၂ နာရီခွဲအချိန် အင်ဂျန်ဒုံနဲ့ မန်ခိန်လမ်းဆုံ၊သားအဖ ၃ ယောက် ထင်းစည်းရုပ်ထုအနီးနား တိုင်တစ်တိုင်ကို ခရောင်းအမျိုးအစား ကားအဖြူရောင်ဟာအရှိန်ပြင်းစွာ တိုက်မိခဲ့ပြီး မောင်းနှင်လာတဲ့အမျိုးသားဟာ ပွဲချင်းပြီး ‌ေ-သဆုံးခဲ့တယ်လို့ သိရပါတယ်။ယာဉ်မောင်းဟာ အရက်သောက်ထားပြီး ကားကတော့ စစ်ဆေးကြည့်တဲ့အခါမှာတော့ ကားဘရိတ် ပျက်သွားတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ်က တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။

news-view-count-icon

35