back

တောင်ကိုရီးယား လက်ရွေးစင်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို ခြိမ်းခြောက်ငွေညှစ်ခဲ့သူ အမျိုးသမီးအား ထောင်ဒဏ် ၄ နှစ် ချမှတ်

Dec 10 • 1:45 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယား လက်ရွေးစင်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို ခြိမ်းခြောက်ငွေညှစ်ခဲ့သူ အမျိုးသမီးအား ထောင်ဒဏ် ၄ နှစ် ချမှတ်

တောင်ကိုရီးယားတရားရုံးတစ်ရုံးက နိုင်ငံလက်ရွေးစင်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို ခြိမ်းခြောက်ငွေညှစ်မှုဖြင့် အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးအား ထောင်ဒဏ်လေ...

တောင်ကိုရီးယားတရားရုံးတစ်ရုံးက နိုင်ငံလက်ရွေးစင်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို ခြိမ်းခြောက်ငွေညှစ်မှုဖြင့် အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးအား ထောင်ဒဏ်လေးနှစ် ချမှတ်ခဲ့ကြောင်း သိရသည်။ အဆိုပါအမျိုးသမီးနှင့် သူမ၏ အသက် ၄၀ ကျော်အရွယ်ရှိ ကြံရာပါအမျိုးသားတို့သည် ဆွန်ဟောင်မင်နှင့်ရသည့် ကိုယ်ဝန်ဆောင်ထားသည်ဟု ခြိမ်းခြောက်ကာ ဝမ် သန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၂ သိန်း) ကို တောင်းယူခဲ့ပြီး၊ အများပြည်သူရှေ့မှောက်ကို ချပြမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ၎င်းအမျိုးသားသည် ငွေကြေးရရှိရန် ဆွန်ဟောင်မင်ထံ ၁၅ ကြိမ်ခန့် ခြိမ်းခြောက်ခဲ့သည်ဟု သိရပြီး၊ ၎င်းကြံရာပါအမျိုးသားကိုလည်း တရားရုံးက ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့သည်။ ဆွန်ဟောင်မင်သည် ယခုနှစ်တွင် ငွေကြေးပိုမိုတောင်းခံရသောကြောင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

11