back

(၃၃) ကြိမ်မြောက် ဆီးဂိမ်းစ်အကြို မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း ခြေစမ်းပွဲ ယှဉ်ပြိုင်ကစား

Dec 10 • 1:44 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

(၃၃) ကြိမ်မြောက် ဆီးဂိမ်းစ်အကြို မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း ခြေစမ်းပွဲ ယှဉ်ပြိုင်ကစား

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ထိုင်းနိုင်ငံသို့ ကြိုတင်ရောက်ရှိ လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် အမျိုး...

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ထိုင်းနိုင်ငံသို့ ကြိုတင်ရောက်ရှိ လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ယနေ့ ဒီဇင်ဘာ ၉ ရက်တွင် Imane Stadium ၌ Muban Chom Beung University အမျိုးသမီးအသင်းနှင့် လေ့ကျင့်ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။ မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် ဒီဇင်ဘာ ၁၀ ရက်တွင် ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပရာ ဘန်ကောက်မြို့သို့ သွားရောက်မည်ဖြစ်ပြီး၊ အုပ်စုပွဲစဉ်များအဖြစ် ဒီဇင်ဘာ ၁၃ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့်၊ ဒီဇင်ဘာ ၁၄ ရက်တွင် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။

news-view-count-icon

28