back

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲများ ကျယ်ပြန့်လာပြီး နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လူသိန်းချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရ

Dec 09 • 8:34 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲများ ကျယ်ပြန့်လာပြီး နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လူသိန်းချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရ

အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားကြား အငြင်းပွားနယ်စပ်တစ်လျှောက်တွင် တစ်ကျော့ပြန် တိုက်ပွဲများ ကျယ်ပြန့်လာခဲ့ရာ ထိုင်းနိုင...

အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားကြား အငြင်းပွားနယ်စပ်တစ်လျှောက်တွင် တစ်ကျော့ပြန် တိုက်ပွဲများ ကျယ်ပြန့်လာခဲ့ရာ ထိုင်းနိုင်ငံက ၎င်းတို့ပိုင်နက်ထဲ ရောက်ရှိနေသော ကမ္ဘောဒီးယားတပ်ဖွဲ့များကို တိုက်ထုတ်ရန် စစ်ဆင်ရေး စတင်တော့မည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။ နှစ်ဖက်စလုံးက ဇူလိုင်လ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အခြားတစ်ဖက်က စတင်ချိုးဖောက်သည်ဟု အပြန်အလှန် စွပ်စွဲနေကြပြီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အပစ်ရပ်ရေးကို လေးစားရန် ထပ်မံတိုက်တွန်းထားသည်။ ယမန်နေ့ည တိုက်ခိုက်မှုတွင် အရပ်သားနှစ်ဦး သေဆုံးခဲ့ရာ သေဆုံးသူ စုစုပေါင်း ၆ ဦး ရှိလာပြီဖြစ်ကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

news-view-count-icon

11