back

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီး ခြင်းလုံးအသင်း ဖိုင်နယ်သို့ တက်ရောက်

Dec 09 • 8:12 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီး ခြင်းလုံးအသင်း ဖိုင်နယ်သို့ တက်ရောက်

မြန်မာအမျိုးသမီး ခြင်းလုံးအသင်းသည် ယနေ့ ဒီဇင်ဘာ (၉)ရက်တွင် အိမ်ရှင် ထိုင်း၊ လာအို၊ မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းမှာ ရမှတ်ပေါင်း (၄၆ ၁)မ...

မြန်မာအမျိုးသမီး ခြင်းလုံးအသင်းသည် ယနေ့ ဒီဇင်ဘာ (၉)ရက်တွင် အိမ်ရှင် ထိုင်း၊ လာအို၊ မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းမှာ ရမှတ်ပေါင်း (၄၆ ၁)မှတ်ဖြင့် ဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်ကြောဘင်း သိရသည်။အိမ်ရှင် ထိုင်းအသင်းက (၃၉၄)မှတ် ၊ လာအိုအသင်းက (၃၁၇) မှတ်၊ မလေးရှားအသင်းက(၁၁၇)မှတ်ဖြင့် ရမှတ်ပေါ်မူတည်၍ အသီးသီးရပ်တည်နေကြသည်။မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်း အသင်းအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲတွင် ကစားနည်းအမျိုးအစား(၇)မျိုးကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အဖွဲ့ချုပ်က အသိပေးထားသည်။ဝင်ရောက်ယှဉ်ပြိုင်မည့် ကစားနည်းများမှာ အမျိုးသား ကွင်းသွင်းခြင်းခတ် (Men Hoop)၊ အမျိုးသမီး ကွင်းသွင်းခြင်းခတ် (Women Hoop)၊ အမျိုးသားသုံးယောက်တွဲ (အသင်းလိုက်) ( Men Team Regu)၊ အမျိုးသမီးသုံးယောက်တွဲ (အသင်းလိုက်) (Women Team Regu)၊ အမျိုးသား/အမျိုးသမီး လေးယောက်တွဲ (Mixed Quadrant)၊ အမျိုးသား လေးယောက်တွဲ(Men Quadrant)၊အမျိုးသမီး လေးယောက်တွဲ (Women Quadrant)တို့တွင် ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။




news-view-count-icon

57