ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံနှင့် မန်ခိန်လမ်းဆုံအနီးတွင် ယနေ့ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်း ၂ နာရီခွဲအချိန်က ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (ကချင်ပြည်နယ်) မှ သိရသည်။ အဆိုပါဖြစ်စဉ်မှာ အဖြူရောင် ခရောင်းကား မောင်းလာသည့် အမျိုးသားတစ်ဦးသည် ကားဘရိတ်ပျက်၍ အရှိန်ပြင်းစွာ တိုက်မိခဲ့ခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောကြားခဲ့သည်။ သေဆုံးသူ အမျိုးသားမှာ အသက် ၅၀ ဝန်းကျင်ရှိပြီး၊ ၎င်း၏ ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (ကချင်ပြည်နယ်အသင်း) မှ မြစ်ကြီးနားဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Dec 09 • 7:37 AM
မြန်မာ
ကချင်
မျှဝေမည်
| 34 | 0 | 0 | 0 |


