ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ချွန်ဘူရီနှင့် ချင်းမိုင်မြို့များတွင် ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် South East Asia Games Federation Council Meetings (SEAGF) အစည်းအဝေးကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင်များနှင့်အတူ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ နိုင်ငံပေါင်း (၁၁) နိုင်ငံမှ အကြီးအကဲများက ဆီးဂိမ်းစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြသည်။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအစည်းဝေးသို့ အားကစားနှင့်လူငယ်ရေးရာ ပြည်ထောင်စုဝန်ကြီးတက်ရောက်
Dec 09 • 5:05 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 16 | 0 | 0 | 0 |


