ထိုင်း-ကမ္ဘောဒီးယားနယ်စပ် လက်နက်ကိုင်ပဋိပက္ခများကြောင့် အမေရိကန်နိုင်ငံသားများအနေဖြင့် နယ်စပ်မှ ကီလိုမီတာ ၅၀ အတွင်း ခရီးသွားလာခြင်းမပြုရန် ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးက ဒီဇင်ဘာ ၈ ရက်တွင် သတိပေးချက် ထုတ်ပြန် သည်။ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးအနေဖြင့် ဒီဇင်ဘာ ၈ ရက်တွင် အမြောက်နှင့် လက်နက်ငယ်ပစ်ခတ်မှုများ တိုးလာခြင်း အပါအဝင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တလျောက် လက်နက်ကိုင်ပဋိပက္ခများ သိသိသာသာ မြင့်တက်လာမှုအပေါ် စောင့်ကြည့်နေသည်ဟုလည်း ဆိုသည်။ ထိခိုက်ဒေသများ သို့မဟုတ် အနီးတဝိုက်ရှိ အမေရိကန်နိုင်ငံသားများအနေဖြင့် သတိရှိရှိနေထိုင်သင့်ပြီး သံရုံးသတိပေးချက်များကို နားစွင့် ထားရန်၊ ကိုယ်ပိုင်အရေးပေါ် အစီအစဥ်များ အပ်ဒိတ်လုပ်ရန်နှင့် လုံခြုံရေးဆိုင်ရာ အပ်ဒိတ်သတင်းအချက်အလက်များ ရရှိရန် Smart Traveler Enrollment Program (STEP)တွင် အသေးစိတ်အချက်အလက် စာရင်းသွင်းခြင်း သို့မဟုတ် အပ်ဒိတ်လုပ်ခြင်း ဆောင်ရွက်ရန် သံရုံးက တိုက်တွန်းထားသည်။



