အမေရိကန် ကုန်သည်ကြီးများအသင်း၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) သည် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်စားလှယ်အဖွဲ့ကို ဒီဇင်ဘာ ၂ ရက်မှ ၆ ရက်အထိ အမေရိကန်နိုင်ငံ ဝါရှင်တန်၊ ဆန်ဖရန်စစ္စကို၊ အော်ကလန် စသည့်ဒေသများသို့ သွားရောက်လည်ပတ်ရန် စီစဉ်ခဲ့ခြင်းဖြင့် နှစ်နိုင်ငံ ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် တွန်းအားပေးခဲ့သည်။အမေရိကန်နှင့် တရုတ်လုပ်ငန်းကုမ္ပဏီများ ကုန်ထုတ်လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစွာ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


