back

ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးရန် မဲရုံး ၅၀ အနက် ၄၁ ရုံးတွင် ပြီးစီးပြီးဖြစ်

Dec 09 • 3:54 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးရန် မဲရုံး ၅၀ အနက် ၄၁ ရုံးတွင် ပြီးစီးပြီးဖြစ်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရန် မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြ...

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရန် မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၅၀) တို့တွင် သတ်မှတ်ရက်များအလိုက် မဲရုံများ ဖွင့်လှစ်၍ ကြိုတင်ဆန္ဒမဲပေးခြင်းအစီအစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အဆိုပါ ဆောင်ရွက်မှုများအရ ဒီဇင်ဘာ ၈ ရက်နေ့ထိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၄၁) ရုံးတို့တွင် ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ပြည်ပရောက်မြန်မာနိုင်ငံသားများ ကြိုတင်မဲများ ဆက်လက်ပေးနိုင်ရေးအတွက် ကျန်ရှိသောရုံးများအနေဖြင့် သတ်မှတ်နေ့ရက်များအထိ မဲရုံများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။လာမည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ(၂၈)ရက်နေ့ ၌ အပိုင်း(၁) စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့ တွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ကအသိပေးထားပြီးဖြစ်သည်။ယခုအချိန်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကြေညာထားပြီးဖြစ်သည်။

news-view-count-icon

42