back

ကြံခင်းမြို့ရှိ ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦး လှူဒါန်းခြင်းအတွက် ရေစက်သွန်းချ မင်္ဂလာအခမ်းအနားကျင်းပ

Dec 09 • 2:14 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ကြံခင်းမြို့ရှိ ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦး လှူဒါန်းခြင်းအတွက် ရေစက်သွန်းချ မင်္ဂလာအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် မက်သနော လမ်းဆုံတွင် ဒီဇင်ဘာ ၆ ရက်နေ့နံနက်ပိုင်းက ဗုဒ္ဓတစ်ထောင်အကောက်တောင်...

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် မက်သနော လမ်းဆုံတွင် ဒီဇင်ဘာ ၆ ရက်နေ့နံနက်ပိုင်းက ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦးသစ်ကြီးအား ဆောက်လုပ်လှူဒါန်းခြင်းအတွက် စုပေါင်းရေစက်သွန်းချ အလှူတော်မင်္ဂလာအခမ်အနား ကျင်းပခဲ့ကြောင်း သိရသည်။မုခ်ဦးကြီးမတည်လှူဒါန်းသော ဆရာတော်အားရည်စူးပြီး အလှူရှင်ခုနှစ်ရက် သားသမီးများ ဝမ်းမြောက်အနုမောဒနာတရားနာယူနိုင်စေရန် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ရွှေညောင်ပင် ကျောင်းဆရာတော်က အနုမောဒနတရားချီးမြင့်ကာ လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုတ်သိမ်းခဲ့ပြီး၊ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

53