ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားခန်းမအတွင်း၌ ယမန်နေ့ မွန်ူလွဲ ၃ နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၃၀)နှစ်အောက် ရပ်ကွက်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပခဲ့သည်။ဗိုလ်လုပွဲတွင် အမှတ်(၉)ရပ်ကွက် အသင်းနှင့် အမှတ်(၁၁)ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အမှတ်(၁၁)ရပ်ကွက် အသင်းက နှစ်ပွဲနိုင် တစ်ပွဲရှုံးဖြင့် အနိုင်ရ၍ ဗိုလ်စွဲ ချီးမြှင့်ခံရခဲ့သည်။ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာလ ၃ ရက်မှ ၇ ရက်နေ့ထိ ကျင်းပခဲ့ပြီး မြို့နယ်အတွင်းရပ်ကွက်များမှ အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။



