back

ဖရဲသီးစျေးကောင်းရနေသော်လည်း အထွက်နှုန်းကျဆင်းမှုကြောင့် မကွေးတိုင်းမှ ဖရဲစိုက်တောင်သူများ အရှုံးပေါ်

Dec 09 • 1:34 AM

breaking-news

မြန်မာ

မကွေး

cover

ဖရဲသီးစျေးကောင်းရနေသော်လည်း အထွက်နှုန်းကျဆင်းမှုကြောင့် မကွေးတိုင်းမှ ဖရဲစိုက်တောင်သူများ အရှုံးပေါ်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ရေပေါ်ကျွန်းကျေးရွာတွင် အဓိကစိုက်ပျိုးသည့် ဖရဲသီးနှံများသည် ယခုနှစ်တွင် ဈေးကောင်းရရှိနေသော်လည်း အထွက်နှုန်းကျဆင်းနေခြင်းကြောင့...

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ရေပေါ်ကျွန်းကျေးရွာတွင် အဓိကစိုက်ပျိုးသည့် ဖရဲသီးနှံများသည် ယခုနှစ်တွင် ဈေးကောင်းရရှိနေသော်လည်း အထွက်နှုန်းကျဆင်းနေခြင်းကြောင့် ဖရဲစိုက်တောင်သူများ အရှုံးပေါ်နေကြောင်း သိရသည်။ ယခုနှစ်တွင် ဖရဲသီးများသည် အရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ကျပ် ၂,၀၀၀ မှ ၇,၀၀၀ ခန့်အထိ ဈေးနှုန်းရှိနေပြီး၊ ယခင်နှစ် အမြင့်ဆုံးဈေး ကျပ် ၅,၀၀၀ သာ ရှိခဲ့သည့် ဈေးနှုန်းထက် ပိုမိုမြင့်တက်နေသည်။ သို့သော် ဖရဲမျိုးစေ့ဈေးနှုန်း တစ်ဘူးလျှင် ကျပ် ၅၅,၀၀၀ အထိ မြင့်တက်လာခြင်းနှင့်အတူ အထွက်နှုန်းမှာလည်း ယခင်နှစ်များထက် ထက်ဝက်နီးပါး လျော့နည်းသွားခြင်းကြောင့် စိုက်ပျိုးစရိတ် ကြီးမြင့်မှုနှင့် အထွက်နှုန်းကျဆင်းမှုတို့က တောင်သူများကို အရှုံးနှင့် ရင်ဆိုင်စေခဲ့သည်။ ထို့အပြင် ယခင်နှစ်များက ကုန်သည်များ လယ်ကွင်းအထိ လာရောက်ဝယ်ယူခဲ့သော်လည်း ယခုနှစ်တွင် ဝယ်လက်မရှိသောကြောင့် တောင်သူများအနေဖြင့် အောင်လံ-ပြည် ကားလမ်းမတွင် ကိုယ်တိုင် ထွက်၍ ရောင်းချနေကြရသည်။

news-view-count-icon

49