ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်း၊ စာတိုက်မီးပွိုင့်အနီး၌ ဒီဇင်ဘာ ၈ ရက် ည ၇ နာရီခွဲက အမျိုးသားတစ်ဦးသည် ကားဖြင့် တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး၊ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း လူမှုကူညီရေး ဆောင်ရွက်ပေးသူများထံမှ သိရသည်။ တိုက်ခံရသူ အမျိုးသားသည် ကားဖြင့် ပါသွားခဲ့သောကြောင့် ကိုယ်ခန္ဓာတစ်ခြမ်းလုံး စုတ်ပြတ်သေဆုံးခဲ့ရသည်ဟု လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ အခင်းဖြစ်ပွားရာနေရာသို့ ကောင်းမှုဆောင် လူမှုကူညီရေးအသင်း ရောက်ရှိလာပြီး ဒဏ်ရာရရှိသူအား မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း လူနာမှာ သေဆုံးသွားခဲ့သည်ဟု သိရသည်။


