back

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီ တန်ချိန် ၁၄,၈၅၀ ဖြန့်ဖြူးပေးနေသော်လည်း ပြည်တွင်းဖူလုံမှု ၁.၉ ရာခိုင်နှုန်းသာ ရှိနေ

Dec 09 • 1:29 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီ တန်ချိန် ၁၄,၈၅၀ ဖြန့်ဖြူးပေးနေသော်လည်း ပြည်တွင်းဖူလုံမှု ၁.၉ ရာခိုင်နှုန်းသာ ရှိနေ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက ဒီဇင်ဘာ ၇ ရက်တွင် ကျင်းပသည့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အစည်းအဝေး၌ ပြောက...

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက ဒီဇင်ဘာ ၇ ရက်တွင် ကျင်းပသည့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အစည်းအဝေး၌ ပြောကြားရာတွင် ရန်ကုန်တိုင်းတွင် နေ့စဉ် စားအုန်းဆီ တန်ချိန် (၁၄,၈၅၀) တန် (ပိဿာချိန်အားဖြင့် ၉ သန်းကျော်) ကို ဖြန့်ဖြူးပေးနေသော်လည်း ပြည်တွင်းစားသုံးမှုအတွက် ဖူလုံမှုမှာ ၁.၉ ရာခိုင်နှုန်းသာ ရှိကြောင်း ပြောကြားခဲ့သည်။ ဆီထွက်သီးနှံစိုက်ပျိုးမှုသည် နိုင်ငံတော်၏ လိုအပ်ချက်နှင့် နှိုင်းယှဉ်ပါက များစွာ လိုအပ်နေသောကြောင့် ယခင် ဧက ၅,၀၀၀ စိုက်ပျိုးရာမှ ဧက ၁၀,၀၀၀ အထိ တိုးချဲ့စိုက်ပျိုးနေရသည်ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ရန်ကုန်ရှိ လူဦးရေ ၈ သန်းနီးပါးအတွက် စားအုန်းဆီများကို ဆီစာအုပ်ဖြင့်၊ Door-to-door စနစ်ဖြင့်နှင့် ပင်စင်ထုတ်ယူသူများကို ၂ ပိဿာခွဲ စသည်ဖြင့် ဖြန့်ဖြူးရောင်းချပေးနေသည့်အပြင် အပလီကေးရှင်းဖြင့် ဝယ်ယူနိုင်ရေးကိုပါ ဆောင်ရွက်နေကြောင်း သိရသည်။

news-view-count-icon

40