ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများကို ဒီဇင်ဘာ ၇ ရက်က တစ်နေ့တာ စတုဒိသာ အာဟာရဒါန ကျွေးမွေးလှူဒါန်းခြင်းကို အလိုတော်ပြည့်ဆရာတော်ကြီးကို ဦးထိပ်ထား၍ ၎င်း၏လက်ထောက်တပည့်ရင်းဖြစ်သည့် တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော် အသျှင်ကုမာရ ဦးဆောင်သော အလှူရှင်များက စုပေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခုအကြိမ်သည် စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း (၄) ကြိမ်မြောက် ဖြစ်သည်။ အဆိုပါ လှူဒါန်းပွဲတွင် နိုင်ငံတော်သံဃမဟာနာယက တွဲဖက်အကျိုးတော်ဆောင် အတွင်းရေးမှူး မင်းပြားဆရာတော်က တရားဟောကြားတော်မူခဲ့ပြီး၊ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်ကာ အမျှပေးဝေခဲ့ကြသည်။ အသျှင်ကုမာရဦးဆောင်သည့် အလှူရှင်များနှင့် အနုပညာရှင်များသည် အလိုတော်ပြည့်ကျောင်းတိုက်၌လည်း နှစ်စဉ် လပြည့်နေ့တိုင်း သံဃာတော်များ၊ သီလရှင်များ၊ အနှေးယာဉ်မောင်းလုပ်သားများနှင့် အခြေခံအိမ်ထောင်စုများကို စားသောက်ကုန်များ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အင်းစိန်ဗဟိုအကျဉ်းထောင်၌ အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော် အရှင်ကုမာရ ဦးဆောင်၍ အကျဉ်းသား၊ အကျဉ်းသူများအား (၄) ကြိမ်မြောက် စတုဒိသာ လှူဒါန်း
Dec 09 • 1:28 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 35 | 0 | 0 | 0 |


