ကမ္ဘာ့အကြီးဆုံး Dance Music ပွဲတော်များထဲမှ တစ်ခုဖြစ်သည့် Electric Daisy Carnival (EDC) ကို လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ၊ ဖူးခက်ရှိ Rhythm Park ၌ ဒုတိယအကြိမ် ပြန်လည်ကျင်းပတော့မည်ဖြစ်သည်။ ယခုပွဲတော်သည် ယခင် ၂၀၂၅ ခုနှစ်ကထက် နှစ်ဆပိုကြီးသော အရွယ်အစားဖြစ်သည့် စတုရန်းမီတာ ၃၈၀,၀၀၀ ကျယ်ဝန်းသော နေရာတွင် ကျင်းပမည်ဖြစ်သည်။ ပွဲ၏ ထူးခြားချက်များအနေဖြင့် Angsana Laguna Phuket ဟိုတယ်တစ်ခုလုံးကို Hotel EDC အပန်းဖြေစခန်းအဖြစ် ဖန်တီးထားမည်ဖြစ်ပြီး၊ Downtown EDC နှင့် Electric Beach စသည့် ဇုန်အသစ်များလည်း ပါဝင်လာကာ ထိုင်းရိုးရာယဉ်ကျေးမှုနှင့် EDC ပုံစံကို ပေါင်းစပ်တင်ဆက်သွားမည်ဖြစ်သည်။ ပွဲတော်ရက်များ မတိုင်မီ ဇန်နဝါရီ ၁၄ ရက်ကတည်းက စတင်၍ ဖူးခက်တစ်မြို့လုံးတွင် After-party များ၊ Beach club ပါတီများနှင့် Coffee Rave များပါဝင်သည့် EDC Week အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Dec 09 • 1:14 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


