LEAPMOTOR Myanmar မှ မြန်မာနိုင်ငံ၏ ပထမဆုံးသော အင်တာနက်အသုံးပြုနိုင်ပြီး မြန်မာဘာသာစကားဖြင့် အသုံးပြုနိုင်သည့် Luxury Compact SUV အမျိုးအစားဖြစ်သည့် "The All New Leapmotor B10 SKD EV" မော်တော်ကားမိတ်ဆက်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၈ ရက်၊ မနက် ၁၀ နာရီတွင် မြန်မာပလာဇာ (Myanmar Plaza) ၏ ပရိုမိုးရှင်းဧရိယာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်၊ အကယ်ဒမီ အေးချမ်းမောင်၊ နေထွဠ် အပါအဝင် နိုင်ငံကျော် အနုပညာရှင်များလည်း တက်ရောက်ခဲ့ကြသည်။ The All New B10 SUV ကို ဒီဇင်ဘာ ၈ ရက်မှ ၁၁ ရက်နေ့အထိ အထူးဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
Dec 09 • 1:13 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 51 | 0 | 0 | 0 |


