ပထမပုဂ္ဂလိကဘဏ်လီမီတက် က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အစုရှယ်ယာတစ်စု ကို အမြတ်ဝေစု ၃၀၆ ကျပ်ခွဲဝေပေးသွားမယ်လို့သိရပါတယ်။အခုလို အမြတ်ဝေစု ခွဲဝေတာ ကိုခွင့်ပြုဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကို တင်ပြလျှောက်ထားခဲ့တာမှာ ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် က အဆိုပါအမြတ်ဝေစုကို (၂) ကြိမ်ခွဲဝေပေးဖို့ ခွင့်ပြုချက်ရရှိခဲ့ပါတယ်။အဲဒိအတွက်ပထမပုဂ္ဂလိကဘဏ် ကနေ စက်တင်ဘာ ၁၇ မှာ အသိပေးကြေညာခဲ့ တဲ့ အမြတ်ဝေစုခံစားခွင့်ရှိတဲ့ အစုရှယ်ယာရှင်အဖြစ် အတည်ပြုတဲ့ ရက် ၊ အောက်တိုဘာ ၈ ရက် (Record Date) မှာ ရှိတဲ့ အစုရှယ်ယာရှင်စာရင်းပါ အစုရှယ်ယာရှင်တွေကို အစုရှယ်ယာတစ်စုအမြတ်ဝေစု ၁၇၆ ကျပ် ကို ဒီဇင်ဘာ ၁၅ ရက် မှာ ပထမအကြိမ်အဖြစ် လည်းကောင်း၊ အစုရှယ်ယာတစ်စုလ အမြတ်ဝေစု ၁၃၀ ကျပ် ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် မှာ ဒုတိယအကြိမ်အဖြစ် လည်းကောင်း အသီးသီး ခွဲဝေပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။




