ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ပင်လောင်း၊ဆီဆိုင်၊ ဟိုပုံး၊ ညောင်ရွှေ၊ ပင်းတယ၊ အောင်ပန်းမြို့မှ ပြောင်းစိုက် တောင်သူများပြောင်းဈေးနှုန်း အလွန်နည်း၍ အရင်းပါ ပြန်မရသဖြင့် ယခုနှစ်တွင်လည်း ထပ်မံ အရှုံးပေါ် နေရကြောင်း သိရသည်။ပြောင်းတစ်ပိဿာသည် (၁၂၀၀)သာရရှိပြီး၊ ပြောင်းမျိုးစေ့တစ်ထုပ် (၂)သိန်းကျော်ပေးရကြောင်း ဓာတ်မြေဩဇာဆိုလည်း တစ်သိန်းကျော်၂ သိန်းရှိနေပြီဖြစ်ကြောင်း မျိုးစေ့ ၅ ထုတ်လျင် အရင်းသိန်း ၆၀ ကျော်ထိ ရှိသော်လည်း၊ ယခုဈေးနှုန်းအရ အရင်းတစ်ဝက်ကိုမျှပြန်မရကြောင်း သိရသည်။ယခုနှစ်တွင် ပြောင်းအစို တစ်ပိဿာလျှင် ၈၀၀ ကျပ်၊ ပြောင်းအခြောက် တစ်ပိဿာလျှင် ၁၂၀၀ ကျပ် ပေါက်စျေးသာ ရှိကြောင်းသိရသည်။ထို့ပြင် တောင်သူများသည် မြို့ပေါ်ရှိ ပွဲရုံသို့ပြောင်းရောင်းချိန်တွင် လမ်းတွင် စစ်တပ်နှင့် PNO တို့၏ ဂိတ်ကြေးများ ပေးဆောင်ရသဖြင့် တောင်သူများသည် ပြောင်းဈေးမရှိ၍ အရှုံးပေါ်နေပြီးထပ်မံ ဒုက္ခရောက်နေကြောင်းသိရသည်။



