ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာသံရုံး (ဆိုးလ်မြို့) က မဲရုံးဖွင့်လှစ်မည့်ရက်ကို ဒီဇင်ဘာ ၁၂ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်။ မဲရုံးကို ဒီဇင်ဘာ ၆ ရက်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်သည်။ ကြိုတင်မဲလာရောက်ပေးသူများအနေဖြင့် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း (သို့မဟုတ်) မိတ္တူကို မပျက်မကွက် ယူဆောင်လာရန်လည်း အသိပေးထားသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲကို အပိုင်း (၁) အနေဖြင့် ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ၁၀၂ မြို့နယ်၌လည်းကောင်း၊ အပိုင်း (၂) အနေဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ မြို့နယ်၌လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။


