ထိုင်း-ကမ္ဘောဒီးယား နယ်စပ်၊ ထိုင်းနိုင်ငံ၊ စီစကေ့ခရိုင်မှာ ဒီနေ့ ဒီဇင်ဘာလ ၇ ရက် မွန်းလွဲ ၂ နာရီ ၁၄ မိနစ်အချိန်က ထိုင်းစစ်တပ်နဲ့ ကမ္ဘောဒီးယားစစ် တပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော် ပြပါတယ်။နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း ထိုင်းစစ်သား (၂) ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုင်းစစ်တပ်က ဒဏ်ရာရရှိသူ (၂) ဦးကို ဆေးရုဲပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ထိုင်းအစိုးရက နယ်စပ်မှာစစ်ရေးတင်းမာမှုတွေဖြစ်ပေါ်နေတာကြောင့် ဘူရီရမ်၊ ဆုလင်၊ စီစကေ့နဲ့ ဥဘွန်လာ့ချဌာနီခရိုင်တွေမှာ နေထိုင်တဲ့ ဒေသခံပြည်သူတွေကို ဒီနေ့ နေ့လယ်ပိုင်းကစတင်ပြီး ပြောင်းရွှေ့ခိုင်းနေပါတယ်။လက်ရှိမှာ နယ်စပ်မှာ နေထိုင်တဲ့ ထိုင်းပြည်သူတွေအများအပြား စစ်ဘေးရှောင်နေကြပြီးဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။



