back

ထိုင်းဘက်က ပိတ်ထားတဲ့ လှေဂိတ်တွေ ပြန်ဖွင့်ပေးချိန် မြန်မာက ပြန်ပိတ်

Dec 07 • 3:20 PM

breaking-news

မြန်မာ

ရှမ်း

cover

ထိုင်းဘက်က ပိတ်ထားတဲ့ လှေဂိတ်တွေ ပြန်ဖွင့်ပေးချိန် မြန်မာက ပြန်ပိတ်

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ လက် နက်ကြီးကျည်နဲ့ကျည်ဆန်တွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ကျ‌ရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူတွေ ထိခိုက်ဒဏ...

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ လက် နက်ကြီးကျည်နဲ့ကျည်ဆန်တွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ကျ‌ရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ထိုင်းစစ်တပ်က လုံခြုံရေးအကြောင်းပြချက်နဲ့ မြဝတီ-မဲဆောက်ဒေသမှာရှိတဲ့ လှေဂိတ်တွေကို (၇) ရက်ပိတ်လိုက်ပါတယ်။ထိုင်းဘက်က သတ်မှတ်ထားတဲ့ရက်ပြည့်လို့ ကုန်စည်ပို့‌ဆောင်တဲ့ လှေဂိတ်တွေပြန်ဖွင့်ပေးချိန်မှာ မြန်မာဘက်က လှေဂိတ်ပိုင်ရှင်တွေကို ကြိုတင်အသိ ပေးပြောဆိုတာမျိုးမရှိဘဲ ပြန်ပိတ်လိုက်တာဖြစ်တယ်လို့ မြန်မာကုန်သည်တစ်ဦးက ဆိုပါတယ်။ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်စည်ပို့ဆောင်နေတဲ့ လှေဂိတ်တွေ ပိတ်ထားတာကြောင့် မြဝတီမြို့မှာ ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။



news-view-count-icon

22