back

ရန်ကုန်စတော့အိပ်ချိန်းရဲ့စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ MCB ရှယ်ယာ တွေ အတွက် အခြေခံဈေးနှုန်း ပြင်ဆင်သွားမယ်

Dec 07 • 1:11 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်စတော့အိပ်ချိန်းရဲ့စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ MCB ရှယ်ယာ တွေ အတွက် အခြေခံဈေးနှုန်း ပြင်ဆင်သွားမယ်

ရန်ကုန်စတော့အိပ်ချိန်းရဲ့စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ MCB ရဲ့ ရှယ်ယာ တွေ အတွက် အခြေခံဈေးနှုန်း ပြင်ဆင်သွားမယ်လို့သိရပါတယ်။အဲဒိအတွက် ၂၀၂၅-ခုနှစ် ဒီဇင်ဘာ (၈) ရက်အ...

ရန်ကုန်စတော့အိပ်ချိန်းရဲ့စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ MCB ရဲ့ ရှယ်ယာ တွေ အတွက် အခြေခံဈေးနှုန်း ပြင်ဆင်သွားမယ်လို့သိရပါတယ်။အဲဒိအတွက် ၂၀၂၅-ခုနှစ် ဒီဇင်ဘာ (၈) ရက်အတွက် MCB ရှယ်ယာတစ်စု ရဲ့ အခြေခံစျေးနှုန်း ကို (၇,၀၀၀) ကျပ် အဖြစ် ပြင်ဆင်သတ်မှတ်သွားမယ်လို့သိရပါတယ်။ဒီဇင်ဘာ ၈ ရက်ရှိ အခြေခံ စျေးနှုန်း၊ အမြင့်ဆုံး၊အနိမ့်ဆုံးစျေးနှုန်း သတ်မှတ်ချက် နဲ့ တစ်ချက်ခုန်ဈေးနှုန်းတွေ အဖြစ် အခြေခံဈေးနှုန်း ငွေကျပ် ၇,၀၀၀ ၊အမြင့်ဆုံး စျေးနှုန်းသတ်မှတ်ချက် ငွေကျပ် ၈,၀၀၀ ၊အနိမ့်ဆုံး စျေးနှုန်းသတ်မှတ်ချက် ငွေကျပ် ၆,၀၀၀ နဲ့ တစ်ချက်ခုန်ဈေးနှုန်း ငွေကျပ် ၁၀၀ ဆိုပြီး အသီးသီးသတ်မှတ်သွားမယ်လို့သိရပါတယ်။တကယ်လို့ ရင်းနှီးမြှုပ်နှံသူ တွေက ဈေးကွက်ပေါက်ဈေးအမှာစာ အဖြစ် သတ်မှတ်ထားတယ်ဆို အဲဒိ အမှာစာဟာ အခြေခံဈေး နှုန်းမှာသာ အမြဲတမ်းအရောင်းအဝယ်ဖြစ်မယ်လို့ မှတ်ယူ မရနိုင်သလို ၊ ဝယ်လိုအားနဲ့ ရောင်းလိုအား ပေါ်မူတည်ပြီး ၊ အမြင့်ဆုံး နဲ့ အနိမ့်ဆုံး ဈေးနှုန်းသတ်မှတ်ချက်အတွင်းရှိ ဈေးနှုန်းတရပ်မှာသာ အရောင်းအဝယ် ဖြစ်နိုင်မှာ ဖြစ်တယ်လို့သိရှိရပါတယ်။





news-view-count-icon

31