back

ဆန်ကြမ်းဈေးကျပြီး ဆန်ချောဈေးတက်သည့် ထားဝယ်ဈေးကွက်

Dec 07 • 1:10 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

ဆန်ကြမ်းဈေးကျပြီး ဆန်ချောဈေးတက်သည့် ထားဝယ်ဈေးကွက်

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်ကြမ်းဈေးကျပြီး ဆန်ချောအမျိုးအစားအချို့ ဈေးတက်နေသည်။  ပြီးခဲ့သည့် သီတင်းပတ် နိုဝင်ဘာလ ၃၀ ရက်တွင် အေဝမ်းငွေတိုး အမှတ်တံဆိပ...

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်ကြမ်းဈေးကျပြီး ဆန်ချောအမျိုးအစားအချို့ ဈေးတက်နေသည်။  

ပြီးခဲ့သည့် သီတင်းပတ် နိုဝင်ဘာလ ၃၀ ရက်တွင် အေဝမ်းငွေတိုး အမှတ်တံဆိပ် ဆန်ကြမ်းတစ်အိတ်လျှင် ၇၁၅၀၀ ကျပ်စျေးရှိရာမှ ဒီဇင်ဘာလ ၇ ရက်တွင် ၆၉၅၀၀ ကျပ်သို့ ဈေးကျသွားသည်။ သို့သော် ဆန်ချောအမျိုးအစားအချို့မှာမူ ဈေးတက်နေပြီး နိုဝင်ဘာ ၃၀ ရက်က မိုးပျံမြောင်းမြအမှတ်တံဆိပ် ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၆၃၀၀၀ကျပ်မှ ဒီဇင်ဘာလ ၆ ရက်တွင် ၁၆၆၀၀၀ ကျပ်ဖြစ်လာသည်။ ထားဝယ် ရေထွက်ကုန်ဈေးကွက်တွင်မူ ယခုသီတင်းပတ်အတွင်း ပုစွန်ချောကြီးတစ်ပိဿာ ၅၀၀၀ကျပ် နှင့် ချောလတ်တစ်ပိဿာ ၁၀၀၀၀ကျပ်အထိ ဈေးကျသွားသည်။  




news-view-count-icon

23