အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်တွင် ဒီဇင်ဘာ ၆ ရက်က ပြင်းအား ၇ မဂ္ဂနီကျု (Magnitude 7.0) ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) က ထုတ်ပြန်ခဲ့သည်။ အဆိုပါငလျင်သည် ယာကူတက်မြို့၏ အရှေ့မြောက်ဘက် ၉၆ ကီလိုမီတာအကွာ၊ မြေအနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ အလက်စကာမြို့တော် Juneau နှင့် ကနေဒါနိုင်ငံ Yukon နယ်မြေ၏မြို့တော် Whitehorse တို့တွင်ပါ တုန်ခါမှုဒဏ်ကို ခံစားခဲ့ရကြောင်း သိရသည်။ USGS နှင့် အမျိုးသားဆူနာမီအန္တရာယ် သတိပေးရေးစင်တာတို့ကမူ လတ်တလော လူသေဆုံးဒဏ်ရာရမှု၊ အဆောက်အအုံ ထိခိုက်ပျက်စီးမှုများ မရှိကြောင်းနှင့် ဆူနာမီလှိုင်းများ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်မရှိကြောင်း ပြောကြားထားသည်။
Dec 07 • 7:14 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 40 | 0 | 0 | 0 |


