back

ထိုင်းမှာ ပင်လယ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားနေ

Dec 07 • 2:39 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းမှာ ပင်လယ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားနေ

ထိုင်းနိုင်ငံအလယ်ပိုင်းဒေသရှိ ခရိုင် (၃) ခုမှာ ပင်လယ်ရေမြင့်တက်လာမှုကြောင့် ဒီဇင်ဘာလ ၆ ရက်နေ့ကစတင်ပြီး ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော...

ထိုင်းနိုင်ငံအလယ်ပိုင်းဒေသရှိ ခရိုင် (၃) ခုမှာ ပင်လယ်ရေမြင့်တက်လာမှုကြောင့် ဒီဇင်ဘာလ ၆ ရက်နေ့ကစတင်ပြီး ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ နေရာတွေကတော့ စမွတ်ဆာခွန်ခရိုင်၊ စမွတ်ပရာကန်ခရိုင်နဲ့ ချွန်ဘူရီခရိုင်တွေဖြစ်ပြီး၊ စမွတ်ပရာကန်ခရိုင်မှာ ရေပြန်ကျသွားပြီဖြစ်တယ်လို့ သိရပါတယ်။ဒီနေ့ ဒီဇင်ဘာလ ၇ ရက် မနက်ပိုင်းရရှိတဲ့ သတင်းအချက်အလက်တွေအရ စမွတ်ဆာခွန်ခရိုင်နဲ့ ချွန်ဘူရီခရိုင်မှာ ရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလပိုင်းကလည်း ထိုင်းတောင်ပိုင်းမှာ မိုးအဆင်မပြတ်ရွာ သွန်းမှုခဲ့ကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ (၁၀၀) ကျော် သေဆုံးကာ ဘတ်သန်းပေါင်းများစွာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

news-view-count-icon

21