အာဆင်နယ်နောက်ခံလူ မော်စကေရာသည် ကြားရက်က ဘရန့်ဖို့ဒ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် အနည်းဆုံး ရက်သတ္တပတ် ခြောက်ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။ အသက် ၂၁ နှစ်အရွယ် စပိန်နောက်ခံလူ မော်စကေရာ ဒဏ်ရာရရှိခဲ့ခြင်းသည် အာဆင်နယ်အသင်းအတွက် ကြီးမားသည့် ထိုးနှက်ချက်ဖြစ်ပြီး၊ လက်ရှိတွင် အဓိကနောက်ခံအတွင်းလူများဖြစ်ကြသော ဆာလီဘာနှင့် ဂါဘရီရယ်လ်တို့မှာလည်း ဒဏ်ရာအသီးသီးကြောင့် အနားယူနေရဆဲ ဖြစ်သည်။ ဆာလီဘာမှာ ပြန်ကစားနိုင်ရန် အချိန်အနည်းငယ် လိုအပ်နေသေးပြီး ဂါဘရီရယ်လ်မှာမူ လာမည့် ဇန်နဝါရီလ မတိုင်မီ ပြန်လာနိုင်မည်မဟုတ်ကြောင်း နည်းပြ အာတေတာက ပြောကြားခဲ့သည်။ ထို့ကြောင့် အာဆင်နယ်သည် အက်စတွန်ဗီလာနှင့်ပွဲတွင် ဟင်ကာပိုင်နှင့် တင်ဘာတို့ကို ခံစစ်အတွင်းလူများအဖြစ် အစားထိုး အသုံးပြုခဲ့သည်။
Dec 07 • 2:15 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 30 | 0 | 0 | 0 |


