မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Ms. Ma Jia သည် ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့တွင်ကျင်းပသော CITIC Myanmar ၏ မြန်မာနိုင်ငံ၌ ပရဟိတလုပ်ငန်း (၁၀) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား၌ မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်းများအနေဖြင့် လူမှုရေးတာဝန်ဝတ္တရားများ (CSR) ကို တက်ကြွစွာ ဆောင်ရွက်ပြီး ဒေသခံလူမှုအသိုင်းအဝိုင်းအား ပံ့ပိုးကူညီကြပါရန် မှာကြားခဲ့သည်။ တရုတ်နိုင်ငံသည် ပွင့်လင်းမြင်သာမှုမဟာဗျူဟာကို လိုက်နာကာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုကို မျှဝေမည်ဖြစ်ပြီး၊ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း အခန်းကဏ္ဍအသစ်ကို ပူးတွဲရေးဖွဲ့ကြရန်လည်း တိုက်တွန်းခဲ့သည်။ အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီးကလည်း နှစ်နိုင်ငံပြည်သူများ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်းနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုသည် ကျောက်တုံးပမာ တည်တံ့ခိုင်မြဲမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
တရုတ်သံအမတ်ကြီး Ms. Ma Jia က မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်းများအား လူမှုရေးတာဝန်ဝတ္တရားများ တက်ကြွစွာ ထမ်းဆောင်ရန် တိုက်တွန်း
Dec 07 • 2:12 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


