back

တရုတ်လူမျိုး ကုမ္ပဏီဝန်ထမ်းမှ လုပ်ဖော်ကိုင်ဖက် ဂျပန်အမျိုးသမီးကို ဓါးဖြင့်ထိုးသတ်မှု ဖြစ်ပွါး

Dec 06 • 12:58 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်လူမျိုး ကုမ္ပဏီဝန်ထမ်းမှ လုပ်ဖော်ကိုင်ဖက် ဂျပန်အမျိုးသမီးကို ဓါးဖြင့်ထိုးသတ်မှု ဖြစ်ပွါး

ဒီဇင်ဘာ ၅ ရက်နေ့ ညနေပိုင်း က ဂျပန်နိုင်ငံ၊ Chiba ခရိုင်၊ Izumi မြို့က ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ တရုတ်လူမျိုး Liu Ke (၃၉ နှစ်) မှ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဂျပန...

ဒီဇင်ဘာ ၅ ရက်နေ့ ညနေပိုင်း က ဂျပန်နိုင်ငံ၊ Chiba ခရိုင်၊ Izumi မြို့က ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ တရုတ်လူမျိုး Liu Ke (၃၉ နှစ်) မှ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်

ဂျပန်အမျိုးသမီး Tateishi Michiyo (၅၈ နှစ်)ကို မျက်နှာနဲ့ လည်ပင်းကို ဓါးနဲ့ အချက်ပေါင်းများစွာထိုးသွင်းခဲ့သောကြောင့် အရေးပေါ်ဆေးရုံပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားပါတယ်။ အခင်းဖြစ်ချိန်မှာ ဂျပန်အမျိုးသမီးနဲ့ တရုတ်လူမျိုး Liu Ke နဲ့က面談 (အလုပ်နဲ့ပက်သက်ပြီးတွေ့ဆုံဆွေးနွေးမှု) လုပ်နေချိန်ဖြစ်ကြောင်းသိရပါတယ် Liu Ke ကအိမ်က အသင့် ယူဆောင်လာတဲ့ ဓါးနဲ့ ကျူးလွန်ခဲ့ကြောင်းဝန်ခံထားပါတယ်။ သူတို့နှစ်ယောက်အကြား ဘယ်ပြသနာတွေ ရှိခဲ့တယ်ဆိုတာကို စစ်ဆေးနေဆဲဖြစ်ပါသည်။




news-view-count-icon

0