စက်တင်ဘာလကတည်းက အငြင်းပွားဖွယ်ရာဖြစ်နေခဲ့သော ထိုင်းနိုင်ငံရှိ ဂျပန်အဲကွန်း Daikin ထုတ် စက်ရုံသည် အလုပ်သမားများနှင့် နှစ်ပတ်လည် ဘောနပ်စ်ကိစ္စ ၁၂ ကြိမ်မြောက်ဆွေးနွေးမှု မအောင်မြင်သောကြောင့် ဒီဇင်ဘာ ၆ ရက်မှ စတင်ပြီး အလုပ်သမား ၁၃၀၀ ကို အလုပ်လာဆင်းခွင့် မပြုတော့ဘဲ စက်ရုံသော့ပိတ်ထားတော့မည်ဟု ဒီဇင်ဘာ ၅ ရက်၌ ကြေညာသွားခဲ့သည်။



