back

မွန်ပြည်နယ်၌ ဆေးရုံသုံး ရော်ဘာလက်အိတ် ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရန် စီစဉ်နေ

Dec 06 • 6:42 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၌ ဆေးရုံသုံး ရော်ဘာလက်အိတ် ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရန် စီစဉ်နေ

မွန်ပြည်နယ်ရှိ ရော်ဘာလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ ပြည်နယ်အတွင်း၌ ဆေးရုံသုံး ရော်ဘာလက်အိတ်များ ထုတ်လုပ်မည့် စက်ရုံတစ်ရုံ တည်ဆောက်ရန် ပြင်ဆင်နေကြောင်း သိရသည်။...

မွန်ပြည်နယ်ရှိ ရော်ဘာလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ ပြည်နယ်အတွင်း၌ ဆေးရုံသုံး ရော်ဘာလက်အိတ်များ ထုတ်လုပ်မည့် စက်ရုံတစ်ရုံ တည်ဆောက်ရန် ပြင်ဆင်နေကြောင်း သိရသည်။ ဤစက်ရုံကို ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းကာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ဝန်းကျင်တွင် စတင်တည်ဆောက်ပြီး ထုတ်လုပ်မှုအဆင့်အထိ သွားရန် ရည်ရွယ်ထားသည်။ မြေဧက ၄၀ မှ ၅၀ ခန့် အသုံးပြုမည့် ဤစီမံကိန်းသည် ဒေါ်လာသန်း ၅၀ ထက်မနည်း ကုန်ကျနိုင်ပြီး၊ စက်ရုံတည်ဆောက်ပြီးစီးပါက လက်ရှိ နိုင်ငံခြားမှ တင်သွင်းနေရသော ပြည်တွင်းလိုအပ်ချက်၏ တစ်စိတ်တစ်ပိုင်းကို ဖြည့်ဆည်းပေးနိုင်မည့်အပြင် ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ လက်ရှိတွင် စက်ရုံတည်ဆောက်မည့် နေရာဒေသ၏ မြေနေရာလုံခြုံမှုရှိ/မရှိကို တွက်ချက်ဆဲဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန်အတွက် စွန့်ပစ်ပစ္စည်း (Waste Products) စီမံခန့်ခွဲမှုကိုပါ တွက်ချက်ဆောင်ရွက်နေကြောင်း သိရသည်။

news-view-count-icon

30