back

ကရင်ပြည်နယ်၊မြဝတီမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ဓားပြတိုက်မှုဖြစ်ပွားကာ ဆိုင်ရှင်မိသားစုဝင် သုံးဦး ဒဏ်ရာရ

Dec 06 • 6:41 AM

breaking-news

မြန်မာ

ကရင်

breaking-news
cover

ကရင်ပြည်နယ်၊မြဝတီမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ဓားပြတိုက်မှုဖြစ်ပွားကာ ဆိုင်ရှင်မိသားစုဝင် သုံးဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်က အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင် ဓားမြတိုက်ခံရပြီး ဆိုင်ရှင် မိသားစုဝင် သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ဒီဇင်ဘာ...

ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်က အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင် ဓားမြတိုက်ခံရပြီး ဆိုင်ရှင် မိသားစုဝင် သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ဒီဇင်ဘာလ ၅ ရက်နေ့က မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ မြေနီကုန်းရှိ ဒေါန‌မြေအိမ်ဆောက်ပစ္စည်းဆိုင်ကို ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။အဆိုပါ ဖြစ်စဉ်ကြောင့် ဒေါန‌မြေအိမ်ဆောက်ပစ္စည်းဆိုင်၏ ပိုင်ရှင် ဦးဝင်းအောင်မှာ ဦးခေါင်း၊ နောက်ကျောဘက် ခါးနေရာအနီးတွင် ဓားဖြင့် ခုတ်ခံသည်။ထို့ပြင် ၎င်း၏ ဇနီးဖြစ်သူနှင့် အသက် ၁၂ နှစ်ခန့်အရွယ် သားငယ်တစ်ဦးတို့မှာလည်း ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)များ ရရှိခဲ့သည်။ဦးဝင်းအောင်ရရှိသည့် ဒဏ်ရာများမှာ ဒဏ်ရာပြင်းသည့်အတွက် မြဝတီမြို့ဆေးရုံတွင် ကုသမှု ခံယူစဉ် စိုးရိမ်ဒဏ်ရာဖြစ်၍ ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေကြောင်း သိရသည်။ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ကျူးလွန်သူများကို စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။


news-view-count-icon

49