(၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာကြက်တောင်အသင်းမှ ပြိုင်ပွဲအမျိုးအစား ခုနှစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ဆီးဂိမ်းကြက်တောင်ပြိုင်ပွဲကို ဒီဇင်ဘာ ၇ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာကြက်တောင်အသင်းသည် ကစားသမား ၁၇ ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲဝင်မည့် မြန်မာကြက်တောင်အသင်းတွင် နာမည်ကြီးကစားသမားများဖြစ်သည့် သက်ထားသူဇာ၊ ဘုန်းပြည့်နိုင်၊ ဟိန်းထွဋ်တို့ ပါဝင်လာပြီး တစ်ဦးချင်းအမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ နှစ်ယောက်တွဲအမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ အသင်းလိုက် အမျိုးသားပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်သည်



