back

ပြည်တွင်း၌ကုန်ကြမ်း နဲ့ ဝယ်လိုအား အခြေအနေတွေကြောင့် ပေါ်ဆန်းမွှေး၊ ဆန်ကွဲနဲ့ ဖွဲနုစျေးတွေမြင့်တက်

Dec 06 • 4:10 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ကုန်ကြမ်း နဲ့ ဝယ်လိုအား အခြေအနေတွေကြောင့် ပေါ်ဆန်းမွှေး၊ ဆန်ကွဲနဲ့ ဖွဲနုစျေးတွေမြင့်တက်

ဆန်မျိုးစုံရောင်းဝယ်မှုစျေးကွက်အတွင်းမှာ ကုန်ကြမ်း နဲ့ ဝယ်လိုအား အခြေအနေတွေကြောင့် ပေါ်ဆန်းမွှေး၊ ဆန်ကွဲနဲ့ ဖွဲနုစျေးတွေမြင့်တက် နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ်တာ ဈ...


ဆန်မျိုးစုံရောင်းဝယ်မှုစျေးကွက်အတွင်းမှာ ကုန်ကြမ်း နဲ့ ဝယ်လိုအား အခြေအနေတွေကြောင့် ပေါ်ဆန်းမွှေး၊ ဆန်ကွဲနဲ့ ဖွဲနုစျေးတွေမြင့်တက် နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ်တာ ဈေးကွက်အတွင်းမှာ ဧည့်မထဆန်(ဟောင်း)၊ ဧည့်မထဆန်(သစ်)နဲ့ ဆန်ကွဲB (1,2)ဈေး တွေ က တည်ငြိမ်ပြီး ၊ ပေါ်ဆန်းမွှေးဆန်၊ ဆန်ကွဲB (2,3,4) နဲ့ ဖွဲနု ဈေး တွေမြင့်တက်နေပါတယ်လို့ " ပဲခူးကုန်စည်ဒိုင် က ပြောပါတယ်။ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍမှာ ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နဲ့ သုံးစွဲသူတွေရဲ့ ဝယ်လိုအားအနည်းအများအပေါ် မူတည်ပြီး ဆန် ၊ ဆန်ကွဲ၊ နဲ့ ဖွဲနုဈေးတွေဟာ အတက်အကျ ဖြစ်ပေါ် နေတာဖြစ်ပါတယ်။ပဲခူးကုန်စည်ဒိုင်အနေနဲ့ နိုဝင်ဘာ ၂၈ ရက်က ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ် အိတ် ၆၅,၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀,၀၀ဝကျပ် ၊ပေါ်ဆန်းမွှေးဆန်တစ် အိတ် ၁၁၀၀၀ဝကျပ် ၊ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၁၀၀ဝကျပ် နဲ့ ဖွဲနုတစ်အိတ် ၂၄၆၀၀ကျပ်တွေနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ဆက်လက်ပြီး ဒီဇင်ဘာ ၅ ရက် မှာ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၆၅,၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၅၀,၀၀ဝကျပ် ၊ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၅,၀၀ဝကျပ်၊ ဆန်ကွဲB (2,3,4) တစ်အိတ် ၄၁,၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၄,၆၀၀ကျပ်တွေနဲ့ အသီးသီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။တစ်ပတ်ကာလနှိုင်းယှဉ်ချက်အရ ပေါ်ဆန်းမွှေးဆန် တစ်အိတ်၁၀,၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၁,၀၀ဝကျပ်နဲ့ ဖွဲနုတစ်အိတ် ၁,၂၀၀ကျပ် စတဲ့ ဈေး တွေမြင့်တက်ကာ ဧည့်မထဆန် (မနောသုခ)(ဟောင်း) ၊ ဧည့်မထဆန်(မနောသုခ)(သစ်)နဲ့ ဆန်ကွဲB (1,2)ဈေး တွေ တည်ငြိမ်နေတယ်လို့သိရပါတယ်။အခုလို ပေါ်ဆန်းမွှေးဆန်၊ ဆန်ကွဲB(2,3,4)နဲ့ ဖွဲနု ဈေး တွေ မြင့်တက်သွားတာဟာ ဝယ်လိုအားများတာ ကြောင့် ဈေးမြင့်တက်သွားတာ ဖြစ်တယ်လို့ ပဲခူးကုန်စည်ဒိုင်ဉက္ကဌရဲ့ပြောကြားချက်တွေအရသိရှိရပါတယ်။

news-view-count-icon

35