၆.၁၂.၂၀၂၅ ရက်ယနေ့၊ ၀၈ နာရီ၃၀ မိနစ်အချိန်ခန့်၊ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၈/၅)နှင့်(၇၈/၆)အကြားတွင် Express ယာဉ်နှင့် Nissan Atlas ယာဉ်တို့ တိုက်မိမှုဖြစ်ပွားပြီး အမျိုးသမီး(၂)ဦး ညပ်နေကြောင်း သတင်းရရှိသဖြင့် အောင်ပန်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် Nissan Atlas ယာဉ်ပေါ်ပါ ညပ်နေသူ အမျိုးသမီး (၂)ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး မဟာလူမှုကယ်ဆယ်ရေးအသင်းနှင့် အောင်ပန်းနာရေးကူညီမှုအသင်းမှ ယာဉ်တို့ဖြင့် အောင်ပန်းပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။



