ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးတွင် လစဉ် ၊ အပတ်စဉ်တိုင်း မော်တော်ဆိုင်ကယ်ပျောက်ဆုံးမှုများ ကြုံတွေ့နေရပြီး ပျောက်ဆုံးဆိုင်ကယ်များမှာ ပြန်လည် ရရှိသည့်သတင်းကိုလည်း မကြားဖူးကြောင်း သိရသည်။ လက်ရှိ ဆိုင်ကယ် သူခိုးများသည် ဆိုင်ကယ် အ ကောင်းစား အသစ် မော်ဒယ်လ်မြင့် မော်တော်ဆိုင် ကယ် များကို ပစ်မှတ်ထားခိုးခြင်း ဖြစ်ပြီး ၊ ထိုင်းဘီး တန်ဖိုးကြီး ဆိုင်ကယ်များကို ဦးစားပေးခိုးယူခံရခြင်းများကြောင်း သိရသည်။တောင်ကြီးမြို့မစျေး အနီးအနား တွင်လည်း မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှု မကြာခန ကြုံရလေ့ ရှိကြောင်း သိရသည်။ထိုအပြင် ဆိုင်အတွင်း စျေးဝယ် ဟန်ဆောင် အလစ်သုတ်ခြင်း ၊ ဖုန်းနှင့် ပိုက်ဆံအိတ်များကို ခိုးယူ ထွက်ပြေးခြင်း ၊ ခါးပိုက်နှိုက် အိတ်ခွဲ ခိုးယူခြင်း ၊ ညဘက် ရပ်ကွက်များအတွင်း ကား ဘတ္ထရီအိုး၊ ဒန်အိုး ဒန်ခွက် ၊ မြောင်းဖုံး များပါ မကျန်အောင် ခိုးယူသူများ ပိုမို များပြားလာနေကြောင်း သိရသည်။


