မြန်မာ ယူ-၁၇ လက်ရွေးစင်အသင်း အာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့တာမှာ အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့တဲ့ ခွန်ဝင်းဇော်ဟာ ဒီဇင်ဘာလ ၄ ရက်နေ့က သူ့ရဲ့ ရွာဆီကို အလည်အပတ်ခရီး ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ ခွန်ဝင်းဇော်ဟာ ပအိုးဝ်တိုင်းရင်းသားတစ်ယောက်ဖြစ်ပြီး သူရဲ့ဇာတိက ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်၊ ချို့ထီ(ဆတ်သေ)ကျေးရွာဖြစ်ပါတယ်။ ဆတ်သေရွာသားတွေနဲ့ ပအိုးဝ်တိုင်းရင်းသားတွေဟာ ရွာဆီကို ခွန်ဝင်းဇော် အလည်ပြန်လာမယ်လို့ သတင်းကြားသိထားချိန်ကတည်းက ခွန်ဝင်းဇော်ကို ခမ်းခမ်းနားနား ကြိုဆိုဖို့ ဆော်ဩနေခဲ့တာပါ။ဆတ်သေကျေးရွာ အကြီးအကဲတွေနဲ့ ရွာသူရွာသားတွေ အပါအဝင် ရွာနီးချုပ်စပ်က ပအိုးဝ်တိုင်းရင်းသားတွေဟာ ပအိုးဝ်ဂုဏ်ဆောင် ခွန်ဝင်းဇော်ကို အ.ထ.က ဆတ်သေကျောင်း ဆိုင်ဘုတ်နေရာကနေ အ.ထ.က ဆတ်သေကျောင်းဝန်းဆီကိုရောက်တဲ့အထိ ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။
Dec 05 • 5:06 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 20 | 0 | 0 | 0 |


