ရှမ်းပြည်တောင်ပိုင်း၊မောက်နယ်မြို့နယ်၊ကဒူးကြီးကျေးရွာအုပ်စုတွင်း ဆက်သွယ်ထားသည့် ဗန်းမတ်နောင်ထောဝ်လမ်းပိုင်းကို ပြီးခဲ့သည့်သြဂုတ်လမှစကာ ပိတ်ထားခြင်းကြောင့် ကဒူးကြီးဒေသရှိပြောင်းစိုက်တောင်သူများ ပြောင်းရောင်းရန် အခက်ခဲကြုံ တွေ့နေရကြောင်းဒေသခံထံ သိရသည်။"ဆီဆိုင်မြို့ပေါ်သွားတဲ့လမ်းဆိုလို့အဲတစ်လမ်းပဲ လမ်းကောင်းတာ၊ခုချိန်ကပြောင်းချိုးချိန်ရောက်ပီလေ ခုချိန်ထိလမ်းကသွားလာလို့မရတော့ ပြောင်းက ဧကရာချီရှိလည်းဘာမှလုပ်မရဘူး၊အခြားသွားလို့ရတဲ့လမ်းကရှိပေမယ့် လမ်းအရမ်းဆိုးတော့ ကုန်တင်ခတွေလည်းဈေးများတော့မကိုက်ဘူး"ဟုပြောင်းစိုက်ဒေသခံတစ်ဦးက ပြောသည်။ဗန်းမတ်ဒေသသည် စီးပွားရေးအဖြစ် ပြောင်းနှင့် နှမ်းကိုအဓိကထားစိုက်ပျိုးကြပြီး ၂၀၂၅ခုနှစ်က ပြောင်းစိုက်သူ ယခင်နှစ်ထက်လျော့နည်းလာသော်လည်း ပြောင်းထွက်ကုန်ချိန် များစွာရှိနေသည်။ထိုဒေသထွက်ပြောင်းများကို အဓိက ဗန်းမတ် နောင်ထောဝ် လမ်းပိုင်းကိုဖြတ်၍ ဆီဆိုင်မြို့ရှိပွဲရုံသို့သွားရောက်ရောင်းချကြရပြီး ယခုနှစ်လမ်းပိတ်ထား၍အခက်ခဲဖြစ်စေကြောင်းသိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ဗန်းမတ် -နောင်ထောဝ် လမ်းပိုင်းပိတ်ထားသဖြင့် ကဒူးကြီးဒေသပြောင်းစိုက်တောင်သူများ အခက်ခဲကြုံတွေ့
Dec 05 • 4:54 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 32 | 0 | 0 | 0 |


